Thursday, April 26, 2007

True Story

ကျွန်တော်အချစ်ကြီးတဲ့အကြောင်းကို ကိုယ်တွေ့ဖြစ်ရပ်မှန်လေး တင်ပြပါရစေ..

ကျွန်တော်သူကို ချစ်ခဲ့တာ ၆နှစ်လောက် ရှိပါပြီ...
သူနဲ့စတွေ့တာက ကျွန်တော်တို့ ကွန်ပျူတာကျောင်းမှာပါ...
ကျောင်းကားဂိတ်မှာ စိတ်တိုနေတဲ့ပုံစံလေးကိုတွေ့ပြီး ကျွန်တော်ရဲ့မျက်လုံးထဲကအမြင်ဟာ နှလုံးသားထဲထိ စွဲထင်သွားတယ်ဆိုတာ ကျွန်တော်ကျိန်ပြောရဲပါတယ်။
သူနဲ့အတူ သွားခဲ့တဲ့နေရာလေးတွေကို အခုထိမှတ်မိနေသေးတယ်လို့ပြောရင် ယုံမလားမသိဘူး...
ပထမဆုံး - တအုံရွာထဲမှာ ဆိုင်ကယ်လေးအတူစီးပြီး သွားခဲ့တာတွေကို အမှတ်ရနေစဲပါ...
- ရတနာပုံကျောင်းကို သွားတုန်းက တံတားအထွက်မှာ ကားနှင့်ဆိုင်ကယ် တိုက်မိမလိုဖြစ်သွားတာ လေးတွေ...
- သူကဆေးလိပ်မသောက်ပါနဲ့လို့ ပြောတော့ ကျွန်တော်က သူ့ကွယ်ရာမှာဆေးလိပ် မဖြတ်နိုင်တာ လေးတွေ...
- သူ့ကွယ်ရာမှာဆေးလိပ်သောက်နေတုန်း သူနဲ့တွေ့သွားတော့ဖြေရှင်းရတာလေးတွေ (သုံးကြိမ်တိတိ)
- သူငယ်ချင်းတွေရဲ့အစအနောက်သန်မှုကြောင့် သူနဲ့ကျွန်တော် ကြားက ဖြေရှင်းလို့မရတဲ့ ပြသနာလေးတွေ..
- မထင်မှတ်ဘဲ ပြောလိုက်မိတဲ့ကျွန်တော့်ရဲ့ ဒေါသစကားလုံးတွေက သူနှင့်ကျွန်တော့်အတွက် မမျှော်လင့်တဲ့ အတားအဆီးဖြစ်သွားမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး...
- ကျွန်တော်သူ့ကိုတောင်းပန်စကား ပြောရန်သွားခဲ့တုန်းက သူဆီကကြားခဲ့ရတဲ့စကားလုံးတွေကို ကျွန်တော်တစ်ဘ၀လုံး အမှတ်ရနေမယ်ဆိုတာ ယုံပါ..
(ခင်ဗျားကြီး...ဘာမှမပြောနဲ့)
ကျွန်တော့်ရင်ဘတ်ကို သူလက်သီးနုနုလေးတွေနဲ့ လာထုတယ်ဗျာ..(ချစ်စနိုးလေး..)
(ခင်ဗျားကြီးကို "ကျွန်တော်"ချစ်ဖို့ကြိုးစားတယ်...)
(ဒါပေမယ့်လုံးဝ ချစ်လို့မရဘူး...)
ခံစားရတယ်ဗျာ...ကျွန်တော်ကပြောချင်တဲ့ စကားလုံးတွေကိုပြောခွင့်တောင်းတော့ သူက...
(ခင်ဗျားကြီးဆက်မပြောနဲ့...)
နောက်ထပ်ခွင့်တောင်းတော့..သူက..
(ခင်ဗျားကြီးဆက်ပြောရင် ခဲနဲ့ထုမှာနော်) ခဲကြီးကောက်ကိုင်ပြီး...ကျွန်တော့်ကိုရွယ်တယ်
စဉ်းစားကြည့်ပါ..အရမ်းခံစားရတယ်ဗျာ...
တစ်ဘ၀လုံးအတွက် ဒီအဖြစ်အပျက်လေးတွေက အမှတ်ရနေဆဲပါ
ယခုတိုင်အောင်လည်း မင်းကိုဆက်ချစ်နေဆဲပါဆိုတာ ငါ့နှလုံးသားကိုခွဲပြီး သက်သေပြချင်ပါတယ် မင်းသာကြည့်မယ်ဆိုရင်ပေါ့.....
ကိုယ်ခံစားချက်လေးတွေကို မင်းလေးသိပါစေလို့ ကိုယ်ဆုတောင်းနေဆဲပါ...
သူက "ကျွန်တော်ကျွန်တော်" လို့ပြောပေမယ် ရန်ကုန်သူစစ်စစ်ပါ...

Love Bigger

တကယ်ပြောတာပါ...

အချစ်နဲ့ပတ်သက်ရင် ကျွန်တော်က အမြဲတမ်း ခံစားမှုပြင်းထန်တယ်

မယုံရင် လာကြည့်ပါ (ကောင်မလေးတွေပဲနော်)

ချက်ထဲမှာစောင့်နေမယ်...